
ကောင်မလေးအတွက်++++++++++++++++++++++++++++++++++++++++++ကောင်းမလေးရယ် မဆုံနိုင်သေးပေမယ့် မယုံကြည်နိုင်လောက်တဲ့စွဲလန်းခြင်းတွေနဲ့  မြတ်နိုင်းခြင်းတွေလွမ်းခြုံ မင်းတယောက်ကိုအချိန်တိုင်းလွမ်းဆွတ်သတိရနေမိတယ်ကောင်မလေးရေ ဖတ်ခဲ့ဖူးတဲ့ ဒဏ္ဏာရီပုံပြင်ထဲက ကိန္နရာ ကိန္နရီ တညတာချောင်းခြား ရက်ပေါင်း ၇၀၀ ငိုကြွေးကြမယ်ဆို ပင်လယ်ပြင်ကာဆီး နှစ်နဲ့ လပြောင်း ရက်ပေါင်းများစွာ ဝေးနေကြဆဲ တို့ နှစ်ယောက်လိုသာဆိုရင် ဖြေနိုင်စရာတောင်ရှိနိုင်ပါ့မလားကောင်မလေးရေ နာရီတွေလည်ပတ် နေ့ နဲ့ ညတွေ တခါပြောင်းလဲသွားတိုင်း နီးစပ်ဖို့ အချိန်တွေ နီးကပ်လာပြီလို့  စိတ်ထဲမှာစွဲမှတ် ဆုံဆည်းမယ့်ရက်တွေကို...